၂၀၂၆ခုနှစ်၊ မတ်လ (၃၁)
ရှမ်းပြည်နယ်( အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့၌ မြို့မီးလင်းရေးဦးဆောင်ကော်မတီ(လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း)
၏ ရုံးအဆောက်အဦသစ်တွင် ဗုဒ္ဓဘိသေကမင်္ဂလာ ဘုရားအနေကဇာတင်ခြင်း၊ နေ့ဆွမ်းဆက်ကပ်ခြင်း နှင့်  လှူဖွယ်ဝတ္ထုအစုစုဆက်ကပ်လှူဒါန်းခြင်းတို့အား မတ်လ (၃၁) ရက်၊ မင်္ဂလာအချိန် နံနက် (၁၀:၀၀) တွင် ဆန်ဆိုင်း (ခ) ရပ်ကွက်၊ ဂေါက်ကွင်းအနီး၊ စံလင်းဖြိုးအိမ်ရာရှိ မီးလင်းရေးဦးဆောင်ကော်မတီ၏ အင်ဂျင်နီယာနှင့် နည်းပညာဝန်ဆောင်မှုဌာနရုံးအဆောက်အဦသစ်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ပုန်းထွန်ရပ်ကွက်၊ငွေတောင်ဦးကမ္မဋ္ဌာန်းကျောင်းတိုက်ဆရာတော် ဒေါက်တာဘဒ္ဒန္တဝိရောစန( မဟာဂန္ထဝါစကပဏ္ဍိတ၊ မဟာကမ္မဋ္ဌာနာစရိယ၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)၊ VIPASSANA BHAVANA MCU. THAILAND အမှူးပြုသော ပင့်သံဃာ (၅)ပါးတို့မှ  ဗုဒ္ဓဘိသေကသဘင်ဆင်ယင်၍ ပရိတ်တော်များရွတ်ဖတ်ပူဇော်ပြီး ကြွရောက်လာသော မီးလင်းရေးဦးဆောင်ကော်မတီဥက္ကဋ္ဌ နှင့် ကော်မတီ ဝင်များ၊ ကော်မတီရုံးဝန်ထမ်းများ၊ မီးလင်းရေး(ရုံးခွဲ) ဝန်ထမ်းများ၊ တာချီလိတ်ဓာတ်အားခွဲရုံ (နမ့်လွတ်) ဝန်ထမ်းများနှင့်အတူ ဖိတ်ကြားထားသော ဧည့်ပရိတ်သတ်တို့အား သီလတရားတော်များ နှင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချတရားတော်များချီးမြှင့်ခဲ့ကြပါသည်။
ယင်းနောက် မီးလင်းရေးဦးဆောင်ကော်မတီမှ ကျောင်းတိုက်၏ ထာဝရ ဆွမ်းပဒေသာပင် အလှူတော်(ကျပ်သိန်း-၁၀၀) ဆက်ကပ်လှူဒါန်းခဲ့ပြီး ဆွမ်းခဲဘွယ်ဘောစဉ်စသည်တို့ဖြင့် နေ့ဆွမ်းဆက်ကပ်ခဲ့ပါကြောင်း ဓာတ်အားသုံးစွဲသူများမှ သာဓုအနုမောဒနာခေါ်ဆို ကုသိုလ်ပွားနိုင်ပါရန် လေးစားစွာ ဖော်ပြအပ်ပါသည်။

(26-03-2026)

ယခင် (ACSR) ကြိုးများအား(SAC-185 sqmm) ကြိုးများဖြင့် လဲလှယ်ခြင်း တာချီလိတ်မြို့၊မြို့မီးလင်းရေးဦးဆောင်ကော်မတီ( လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေလုပ်ငန်း) မှ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး၊ ဓာတ်အားပြတ်တောက်မှု နှင့် ပျောက်ဆုံးယူနစ်လျော့ကျစေရေးတို့အတွက် ယခင်သွယ်တန်းထားသော (ACSR) လိုင်းကြိုးများအား (SAC-185 sqmm) ကြိုးများဖြင့်အဆင့်မြှင်တင်အစားထိုးလဲလှယ်ခြင်းလုပ်ငန်းများအား၂၀၂၆ ခုနှစ်၊ မတ်လ (၂၆)ရက်နံနက်(၉:၀၀) နာရီအချိန်မှ မွန်းလွဲ (၁၆:၀၀)နာရီအချိန်ထိဆန်ဆိုင်း ( ခ) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအနီးဟံသာဝတီ (၁) လမ်းဝန်းကျင်နှင့် တိုးနယားကွင်း ဝမ်းဂျီဝမ်းအနီးစံပယ်လမ်းဝန်းကျင်တို့တွင် ဓာတ်အားပိတ်လုပ်ငန်းများဆောင်ရွက်ခဲ့ပါကြောင်းနှင့် ဓာတ်အားပြတ်တောက်ခဲ့မှုအပေါ် သည်းခံနားလည်ပေးနိုင်ပါရန်
လေးစားစွာအသိပေးတင်ပြအပ်ပါသည်။




နှစ်သစ်ကူးရုံးပိတ်ရက်ကြေငြာခြင်း

------------ 31-12-2025 ------------




နှစ်သစ်ကူးရုံးပိတ်ရက်ကြေငြာခြင်း

------------ 31-12-2025 ------------




လျှပ်စစ်ဓာတ်အား အချိန်ပိုင်း ပြတ်တောက်မည်

------------ 19-12-2025 ------------




လျှပ်စစ်ဓာတ်အား အချိန်ပိုင်း ပြတ်တောက်မည်

------------ 19-11-2025 ------------



ဓာတ်အားပြတ်တောက်ခဲ့ရခြင်းအတွက် မေတ္တာရပ်ခံခြင်း။

------------ 19-11-2025 ------------


ဓာတ်အားပြတ်တောက်ခဲ့ရခြင်းအတွက် မေတ္တာရပ်ခံခြင်း

(19-11-2025)


၁၁-၈-၂၀၂၅
------------
တာချီလိတ်မြို့
လွယ်တော်ခမ်းကျေးရွာအုပ်စု
ဖတ်ဟိရွာ၊အိမ်ခြေ(၆၀)ကျော်ခန့်ရှိ
အခါတိုင်းရင်းသားကျေးရွာသို့
ချိပ်ဆက်တတ်ဆင်သွယ်တန်းဆောက်လုပ်ထားသည့်
50-Kvaထရန်စဖော်မာအား(၁၄:၃၀)အချိန်ခန့်က
ပူးပေါင်းဆောင်ရွက်မှုဖြင့်ဖွင့်လှစ်ပေးနိုင်ခဲ့ပါသည်။



တာချီလိတ်မြို့မီးလင်းရေးဦးဆောင်ကော်မတီ (လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း)မှ ဓာတ်အားလိုအပ်ချက်များအား ဖြည့်ဆည်းဖြန့်ဖြူးနိုင်ရေးရည်ရွယ်၍ နေရောင်ခြည်စွမ်းအင်မှထုတ်လုပ်သည့် ဆိုလာလျှပ်စစ်ဓာတ်အား (၃၀ - မဂ္ဂါဝပ်)အား ထုတ်လုပ် ရောင်းချ/ဝယ်ယူရန်အတွက် Bright Time Energy & Export / Import Co., Ltd (BT)နှင့် နှစ်ဖက်သဘောတူလက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ဩဂုတ် ၈ ရက်နံနက် ပိုင်း၌ တာချီလိတ်မြို့မီးလင်းရေးဦးဆောင်ကော်မတီ (လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း)ရုံး၏အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။




လျှပ်စစ်ဓာတ်အား အချိန်ပိုင်းပြတ်တောက်မည်




သတိပေးနှိုးဆော်ချက်


စိုးရိမ်ရေအမှတ်ကျဆင်းချိန် လျှပ်စစ်ဓာတ်အား

အပိုင်းအလိုက် အဆင့်ဆင့်ပို့လွှတ်ခြင်း။


အရေးပေါ်လျှပ်စစ်ဓာတ်အားဖြတ်တောက်ခြင်း


လျှပ်စစ်မီးအန္တရာယ်သတိပေးချက်


လျှပ်စစ်ဓာတ်အား အချိန်ပိုင်းဖြတ်တောက်မည်။

တာချီလိတ်မြို့ တွင်း ရေကြီးရေလျှံသဘာဝဘေးအန္တရာယ် ကျရောက်ခဲ့စဉ်ကာလအတွင်း အရေးပေ်ပြန်လည်ထူထောင်ရေးလုပ်ငန်းများလုပ်ဆောင်ရန် အခက်အခဲရှိခဲ့သည့်တာလော့ရပ်ကွက်၊ပုန်းထွန်ရပ်ကွက်နှင့်မကာဟိုခမ်းရပ်ကွက်တို့အားလုပ်ငန်းပြီးပြတ်ရာထားချက်များအမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက်မြို့မီးလင်းရေးဦးဆောင်ကော်မတီ(လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း)မှသဒ္ဒါတရားထက်သန်စွာဖြင့် လှူဒါန်းဆောင်ရွက်ခဲ့ကြပါသည်။
----------------
၂၁-၅-၂၀၂၅ ရက်နေ့တွင် တာလော့ရပ်ကွက်၏ဂုဏ်ပြုမှတ်တမ်းအားမိမိရုံးတွင်လက်ခံရရှိခဲ့သဖြင့်ရပ်ကွက်ဥက္ကဌနှင့်အဖွဲ့ဝင်များအားကျေးဇူးတင်ရှိပါသည်။


2-6-2025
-----------
မကာဟိုခမ်းရပ်ကွက် ရပ်ကွက်သူ/သားများဘာသာ/သာသနာဆိုင်ရာများနှင့်သာရေး/နာရေးကိစ္စရပ်များသာမက သဘာဝဘေးအန္တရာယ် အရေးပေါ်ကိစ္စရပ်များကိုလည်းရပ်ကွက်အတွင်းအချိန်နှင့်တပြေးညီအသိပေးအကြောင်းကြားနိုင်ရန်အတွက်လက်ရှိတတ်ဆင်ထားသည့စနစ်များမှာဟောင်းနွမ်းဆွေးမြေ့နေပါသဖြင့်အစားထိုးအဆင့်မြင့်တတ်ဆင်အသုံးပြုနိုင်ရန်အတွက်မြို့မီးလင်းရေးဦးဆောင်ကော်မတီ(လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း)မှရပ်ကွက်ဥက္ကနှင့်အဖွဲ့ဝင်များထံသို့ဘတ်ငွေ(၇၀၀၀၀)တိတိအားစေတနာသဒ္ဒါတရားထက်သန်စွာလှူဒါန်းခြင်းဖြစ်ပါသည်။



မိုးရာသီလျှပ်စစ်အန္တရာယ်ကင်းရှင်းရေး
အသိပေးနှိုးဆော်ချက်


လျှပ်စစ်ဓာတ်အား

အချိန်ပိုင်းပြတ်တောက်မည်

လျှပ်စစ်အန္တရာယ်မဖြစ်ပေါ်စေရန်အတွက်
မြို့ပေါ်ရပ်ကွက်ရှိဓါတ်အားလိုင်းများစစ်ဆေးလဲလှယ်ဆောင်ရွက်ခြင်း။


၂၀၂၅ ခုနှစ်၊ မေ (၁၈)
မြို့မီးလင်းရေးဦးဆောင်ကော်မတီ(လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း) ဥက္ကဌ  နှင့်ကော်မတီဝင်များ ဦးဆောင်သော မန်နေဂျာများ၊ အင်ဂျင်နီယာများနှင့် တာဝန်ရှိဝန်ထမ်းများ အဖွဲ့သည် တာချီလိတ် ဓာတ်အားခွဲရုံ(နမ့်လွတ်)တွင်ဓာတ်အားခွဲရုံအလုံးစုံ အသေးစိတ်စစ်ဆေးခြင်းနှင့် ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများအားဓာတ်အားပိတ်ဆောင်ရွက်နေမှုအခြေအနေများကို ယနေ့မနက်ပိုင်းက သွားရောက်အားပေးကြည့်ရှုခဲ့ကြပြီး ယင်းသို့ ဓာတ်အားဖြတ်တောက်စဉ် အချိန်အတွင်း ဝမ်ကောင်းရပ်ကွက်အတွင်း လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက် ဓာတ်အားလိုင်းစစ်ဆေးခြင်း၊ အဆင့်မြှင့်တင်ပြုပြင်ခြင်းများနှင့် သစ်ပင်သစ်ကိုင်းခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုတို့အား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြပါသည်။
မိုးရာသီအတွင်း လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက်
သစ်ပင်သစ်ကိုင်းများရှင်းလင်းမည်


(၄-၅-၂၀၂၅)  ညပိုင်း
လျှပ်စစ်ဓါတ်အားသုံးစွဲသူ မိဘပြည်သူများ
အဆင်ပြေစေချောမွေ့စွာအသုံးပြုနိုင်ရေး အလှည့်ကျတာဝန်ယူဆောင်ရွက်နေမှုမှတ်တမ်းဓာတ်ပုံများ
၆-၅-၂၀၂၅
-----////-----
တာချီလိတ်မြို့၊မြို့မီးလင်းရေးဦးဆောင်ကော်မတီ(လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း)ဦးဆောင်မှုဖြင့်သက်ဆိုင်ရာတာဝန်ရှိသူများပူပေါင်း၍လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက်ဖိုက်ဘာ(အင်တာနက်)ဝိုင်ဖိုင်ကြိုးများအားသန့်ရှင်းသပ်ရပ်စနစ်ကျစွာသွယ်တန်းဆောင်ရွက်နိုင်ရေး ကွင်းဆင်းလေ့လာကြည့်ရှုနေမှုမှတ်တမ်းဓာတ်ပုံများ


၅-၅-၂၀၂၅
-----------
တာချီလိတ်မြို့
မြို့မီးလင်းရေးဦးဆောင်ကော်မတီ
(လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း)လျှပ်စစ်
အန္တရာယ်ကင်းရှင်းရေးအတွက် Recloser စက်များအားဖြည့်တတ်ဆင်ခြင်းနှင့်မီးအားကျဆင်းမှုနှင့်မီးမပြတ်တောက်စေရန်လိုင်းစစ်ဆေးခြင်းလုပ်ငန်းများပူးပေါင်းဆောင်ရွက်လျှက်ရှိပါသည်။
(၄-၅-၂၀၂၅)  ညပိုင်း
လျှပ်စစ်ဓါတ်အားသုံးစွဲသူ မိဘပြည်သူများ
အဆင်ပြေစေချောမွေ့စွာအသုံးပြုနိုင်ရေး အလှည့်ကျတာဝန်ယူဆောင်ရွက်နေမှုမှတ်တမ်းဓာတ်ပုံများ
မေတ္တာရပ်ခံပန်ကြားခြင်း


၂၀၂၅ ခုနှစ်၊ အတာသင်္ကြန်ရုံးပိတ်ရက်ကြေငြာခြင်း


မီးလင်းရေးဦးဆောင်ကော်မတီ
(လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း)

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့


( မြန်မာ-ထိုင်းနယ်စပ် )တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်အတွင်းဖွင့်လှစ်ထားရှိသော

မြို့မီးလင်းရေးဦးဆောင်ကော်မတီရုံး ကို

ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ရီဂျီနားဟိုတယ်အနီး၊ စံလင်းဖြိုးအိမ်ယာတွင် ပြောင်းရွေး

သစ်တည်ဆောက်ရန်သတ်မှတ်၍ တည်ဆောက်မှုလုပ်ငန်းများပြီးစီသည့်အတွက်

ရုံးသစ်ဖွင့်ပွဲကို ၂၀၁၉ခုနှစ် ဒီဇင်ဘာလ(၁)ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ပြီးနောက်

၂၀၁၉ - ဒီဇင်ဘာလ(၂)ရက်နေ့က စပြီး ရုံးလုပ်ငန်းများဆောင်ရွက်ပေးလျှက်ရှိပါသည်။



"ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့"
၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် ပြင်းအား ၇.၇ မဂ္ဂနီကျူ ရှိသည့် ငလျင်ကြီး မြန်မာနိုင်ငံတွင် လှုပ်ခတ်သွားခဲ့သည့်အတွက် လူပေါင်းများစွာရဲ့ အသက်အိုးအိမ်အမြောက်အများ ဆုံးရှုံးခဲ့ရခြင်းအပေါ် မိသားစုများနှင့် ထပ်တူစိတ်မကောင်းဖြစ်ရပါသည်။
၃၁-၃-၂၀၂၅
-------------
(၂၈-၃-၂၀၂၅) ရက်နေ့တွင် ဖြစ်ပွားခဲ့သည့်
ပြင်းအားကြီးမြေငလျင်ဒဏ်ခံစားနေရသော
ခုနှစ်ရက်သားသမီးများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက်
ကနဦးလှူဒါန်းငွေ ကျပ်သိန်း(၁၀၀၀)တိတိအားလှူဒါန်းရန်
ကော်မတီဝင်များနှင့်တာဝန်ရှိသူများတွေ့ဆုံ‌‌ဆွေးနွေးခဲ့ပြီး
အလှူငွေအားလှူဒါန်းရန် စိတ်အားထက်သန်စွာဖြင့်ဆုံးဖြတ်ခဲ့ကြပါသည်။


တာချီလိတ်မြို့ မီးလင်းရေးဦးဆောင်ကော်မတီ

(လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း)

ဥက္ကဋ္ဌနှင့်ဝန်ထမ်းမိသားစုများ၏အလှူ

------------

       ၂၀၂၅ ခုနှစ်၊မတ်လ (၂၈) ရက်နေ့တွင်ဖြစ်ပွားခဲ့သော ငလျင်ဘေးသင့်ဒေသများသို့‌ ထောက်ပံ့နိုင်ရေးအတွက် တာချီလိတ်မြို့ မီးလင်းရေးဦးဆောင်ကော်မတီ (လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း)ဥက္ကဌနှင့် ဝန်ထမ်းမိသားစုများပူးပေါင်းထည့်ဝင်လှူဒါန်းငွေ - ၃၂၀၅၀၀၀ ကျပ် (သုံးဆယ့်နှစ်သိန်း၊ ငါးထောင်ကျပ်တိတိ)အား တာချီလိတ်မြို့၊ ဗိုလ်ချုပ်လမ်း၊ အောင်မြတ်ခမ်းမရှေ့၌ ဖွင့်လှစ်ထားသောငလျင်ဘေး‌ထောက်ပံ့‌ရေးအလှူခံမဏ္ဍပ်သို့(၁-၄-၂၀၂၅) ရက်နေ့မွန်းလွဲပိုင်းတွင် မီးလင်းရေးဦးဆောင်ကော်မတီရုံး တာဝန်ရှိသူများမှ သွားရောက်ပေးအပ်လှူဒါန်းခဲ့ပါ‌ကြောင်း သာဓုအနုမောဒနာခေါ်ဆိုနိုင်ကြပါရန်
အသိပေးတင်ပြအပ်ပါသည်။



တက္ကသိုလ်ဝင်စာမေးပွဲကာလအတွင်း

လျှပ်စစ်ဓာတ်အားကန့်သတ်ပို့လွှတ်ခြင်းအသိပေးကြေငြာချက်



လျှပ်စစ်မီးအန္တရာယ် အစဥ်သတိပြုဖွယ်